ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံနေတဲ့ ထိုင်းနိုင်ငံရဲ့မူဝါဒဟာ ရိုဟင်ဂျာအရေး ICJ စီရင်ချက်နဲ့ မဆိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ပြည်ပခရီးစဉ်ကနေ ဒွန်မောင်းလေဆိပ်ကို ပြန်ရောက်ချိန်မှာ သူက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ရခိုင်စစ်ဆင်ရေးမှာ မြန်မာက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကြာသပတေးနေ့ ၉ မဲ၊ ၆ မဲနဲ့ ICJ တရားရုံး ဆုံးဖြတ်ချက်ဟာ မြန်မာနဲ့ တရားရုံးကြားက ဥပဒေရေးရာ ကိစ္စသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကိုတော့ ထိုင်းနိုင်ငံက အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဆီဟာဆက်က ပြောပါတယ်။
နေပြည်တော်နဲ့ ထိုင်းရဲ့ တိုက်ရိုက်ဆက်ဆံမှုဟာ အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ လုပ်ဆောင်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးညှိနှိုင်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အားပေးဖို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေ ပိုရလာစေပြီး မြန်မာနိုင်ငံ အာဆီယံထဲ ပြန်ဝင်လာနိုင်ဖို့ လမ်းခင်းပေးတာလည်း ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
အဖွဲ့အစည်းအားလုံးကြား ပြန်လည်သင့်မြတ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ အခွင့်အလမ်း ပွင့်လာဖို့ တောင်းဆိုနေတာမို့ မြန်မာနဲ့ ဆက်ဆံတာဟာ အပြုသဘောဆောင်တယ်လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ထိုင်းက ထောက်ပံ့ပေးပါတယ်။
ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်ပုံဟာ ICJ တရားရုံးစီရင်ချက်ရဲ့ စိတ်ရင်းသဘောထားနဲ့ အပြည့်အဝ ကိုက်ညီတယ်လို့ ဆီဟာဆက်က ထပ်လောင်းပြောပါတယ်။
News: Thai PBS World
Ref; Thailand’s Myanmar engagement does not conflict with ICJ genocide ruling