၂၀၂၅ရွေးကောက်ပွဲ

ပြည်ပသံရုံးနှင့် တွေ့ဆုံသဖြင့် ဒေါ်သက်သက်ခိုင်အပါ ၂ ဦး အရေးယူခံရမည်ဟု စစ်အုပ်စုသတင်းထုတ်ပြန် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၄ ရက် အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ ခွင့်ပြုချက်မယူဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အပါအဝင် နှစ်ဦးကို အရေးယူမည်ဟု ယနေ့ည ထုတ်ပြန်လာသည်။ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ယမန်နေ့၌ ဖမ်းဆီးသွားကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်(UEC)က တုံ့ပြန်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် UEC သို့ ခွင့်ပြုချက် မတင်ပြဘဲ ဒီဇင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း ဆိုသည်။ ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မှန်ကန်ကြောင်း တွေ့ရှိရသည့်အပြင် ဒေါက်တာသက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့မှလည်း မှန်ကန်သည်ဟု ဝန်ခံထွက်ဆိုကြောင်း UEC က ထုတ်ပြန်ဖော်ပြသည်။ စစ်ကော်မရှင်၏ UEC သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၀၇ (ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများ ဥပဒေပုဒ်မ -၆(စ)ပါ ပြဋ္ဌာန်းချက်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်ကတည်းကပင် နိုင်ငံရေးပါတီများအား အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထိုပြဋ္ဌာန်းချက်များမှာ တိုင်းပြည်တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်း မပြုရေးဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စရပ်များကို ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများအနေဖြင့် စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက UEC သို့ ကြိုတင်တင်ပြ၍ ခွင့်ပြုမှသာ တွေ့ဆုံရန်နှင့် သင့်လျော်သည့်အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဟု ဆိုထားသည်။ PPP ပါတီအနေဖြင့် သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသဖြင့် UEC သို့ တင်ပြရန်နှင့် ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံပါက နိုင်ငံရေးပါတီများ ဥပဒေပုဒ်မ ၁၂ နှင့်အညီ ဆောင်ရွက်မည်ဟုလည်း သတိပေး အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအခြေအနေများကြောင့် ခွင့်ပြုချက် မရရှိဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသော ဒေါ်သက်သက်ခိုင်တို့ နှစ်ဦးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ UEC က အသိပေးထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ-PPP

ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၄ ရက်အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ ခွင့်ပြုချက်မယူဘဲ ပြည်ပသံရုံးနှင့် လျှို့ဝှက်တွေ့ဆုံသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အပါအဝင် နှစ်ဦးကို အရေးယူမည်ဟု ယနေ့ည ထုတ်ပြန်လာသည်။ဒေါ်သက်သက်ခိုင်နှင့်...
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၃ ရက်ရန်ကုန်တိုင်းတွင် စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) ၌ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများ သာလွန်မှုဖြင့် မဲနိုင်ရန်အတွက် သက်ဆိုင်ရာ...
ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၃ ရက်   မိခင်ဖြစ်သူနှင့် ရွေးကောက်တင် မြှောက်ခံရသည့် ခေါင်းဆောင်များဖမ်းဆီးခံရချိန်တွင် စစ်ကော်မရှင်ပြုလုပ်သော ရွေးကောက်ပွဲက ဒီမိုကရေစီမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(ခ)...
ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၃ ရက်စစ်ကော်မရှင်က အပိုင်းလိုက် ကျင်းပနေသည့် တစ်ဖက်သပ် ရွေးကောက်ပွဲများတွင် စစ်ခေါင်း ဆောင် ကိုယ်တိုင်ရွေးထုတ်ထားသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များသည် ကြိုတင်မှန်းဆထားသည့်အတိုင်းပင် အခြားကိုယ်စားလှယ်လောင်းများကို ဖြတ်ကျော်ကာ...
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်ဇန်နဝါရီ ၁၂ ရက်ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကျင်းပသည့် စစ်ကော်မရှင်၏ တစ်ဖတ်သပ် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပွင့်လင်းမြင်သာမှု မရှိသည့် ကြိုတင်မဲများဖြင့် စစ်အုပ်စုလက်ဝေခံ ကြံ့ခိုင်ရေးပါတီက...
ဧရာဝတီတိုင်းမ် (ကျောက်တံခါး)၊ ဇန်နဝါရီ ၁၂ ရက်   ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ...
ပေါင်းတည်တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက် ဧရာဝတီတိုင်းမ် (ပေါင်းတည်)၊ ဇန်နဝါရီ ၁၂ ရက် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စုအတွင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းက စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲအပိုင်း(၂) အတွက် လုံခြုံရေး ယူပေး နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှမ်းကုန်းထိပ်ရွာမဲရုံကို လုံခြုံရေးယူပေးခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ချောင်းခွရွာမဲရုံကို လုံခြုံရေး ယူပေး‌ခဲ့သည့်တပ်ဖွဲ့ဝင်များနှင့် မြို့တွင်းရွာ မဲရုံကိုလုံခြုံရေးယူပေးနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲက ပြည်သူပါဝင်မှုနည်းပါတယ်။ စစ်ရေးအခြေအနေကတော့ သူတို့ဘက်က အထိုင် စခန်းတွေဂိတ်စခန်းတွေမှာ ထပ်မံအင်အားတိုးမြှင့်ထားတွေရှိတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဧရာဝတီတိုင်းမ်ကိုပြောသည်။ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်ရင်းအတွင်းသို့ ၆ဝမမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းဧည်ရိပ်သာ အနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများရှိသော်လည်း ထိခိုက် သေဆုံးမှုအသေးစိတ်ကိုမူ သိရခြင်းမရှိသေးပေ။ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ-၂၊ တပ်ခွဲ-၅၊ ပြည်ခရိုင်အမှတ်(၁) တပ်ရင်း၊ တပ်ရင်းစစ်ကြောင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြည်ခရိုင်အတွင်း ပေါင်းတည်၊ ပေါက်ခေါင်း ၊ သဲကုန်း မြို့နယ်များအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် သဲကုန်း တိုက်ပွဲတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ – ပေးပို့

ဧရာဝတီတိုင်းမ် (ပေါင်းတည်)၊ ဇန်နဝါရီ ၁၂ ရက်   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စုအတွင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့၊...