ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

မြန်မာနိုင်ငံမှာ မတရား အကျဉ်းချခံရသူတွေကို လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာ လီက တောင်းဆိုလိုက်ပြီး ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို လွှတ်ပေးတာကို ကြိုဆိုလိုက်ပါတယ်။

ဗစ်ကီဘိုးမန်းဟာ လူဝင်မှုကြီးကြပ်ရေးဉပဒေ ချိုးဖောက်မှုကြောင့် ခင်ပွန်းသည်နဲ့အတူ ရန်ကုန်မြို့တော် မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဗစ်ကီဘိုးမန်းဟာ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး Institute for Human Rights နဲ့ Myanmar Centre for Responsible Business မှာ ဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက အမျိုးသားနေ့အောင်ပွဲအဖြစ် ဗစ်ကီဘိုးမန်းကို အကျဉ်းထောင်မှလွှတ်ပေးကာ နှင် ထုတ်ခဲ့တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

“ဗစ်ကီဘိုးမန်းနဲ့ အခြားသူတွေကို အကျဉ်းထောင်ကနေ လွှတ်ပေးတာကို ကျွန်တော် ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ မတရား ထိန်းသိမ်းခံရသူတွေကို ချက်ချင်း လွှတ်ပေးသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ အခွင့်အခါသင့်တဲ့အချိန်တွေဆိုရင် အကျဉ်းသားတွေကို လွှတ်ပေးကြောင်း ကြေညာတဲ့ သမိုင်းတစ်ရပ်ရှိပါတယ်။ အခုလဲ အကျဉ်းသားတွေကိုလွှတ်ပေးတာ ဒီအပတ်အတွင်း ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲကြောင့် ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးမူဝါဒ ညွှန်ကြားရေးမှူး ပိုလီထ ရပ်စ်ကော့က ပြောပါတယ်။

မတရား ဖမ်းဆီး၊ထောင်ချခံရသူတွေကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံက ယခုလွတ်ငြိမ်းချမ်းသာခွင့်ကို အခွင့် အရေးအဖြစ် အသုံးချကာ အာဏာသိမ်းမှုကြောင့် ပြည်သူထောင်နဲ့ချီ သေဆုံးခဲ့ရမှုတွေကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းဆိုသင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Evening Standard
Ref; Foreign Secretary welcomes release of former British ambassador to Myanmar