ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

အာဏာသိမ်းစစ်ကောင်စီက အမေရိကန်နိုင်ငံသားတစ်ဉီးနဲ့ နိုင်ငံခြားသားတွေ အပါအဝင် ထောင်နဲ့ချီနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြိုဆိုပေမယ့် တံ ခါးဖွင့်ပေးတဲ့လက္ခဏာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

“အခြေအနေဆိုးရွားနေမှုကြောင့် အမှောင်ကျနေတဲ့ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို လွှတ်ပေးတာ ကြိုဆိုပါတယ်” လို့ ဘလင်ကန်က ပြောပါတယ်။

“မှားယွင်းပြီး ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွတ်လာတာကို ကျွန်တော်တို့ စိတ်ကျေနပ်ရပေမယ့် အာဏာ သိမ်းစစ်ကောင်စီရဲ့ ဉီးတည်ချက်လမ်းကြောင်း အပြောင်းအလဲရှိ မရှိကို ယတိပြတ်ပြောလို့မရသေးပါဘူး” လို့ သူ က ဗန်ကောက်မြို့မှာကျင်းပတဲ့ အာရှ-ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုကျော်ဌေးဉီးလဲ ပါဝင်ပါတယ်။

အကျဉ်းသားတွေကို လွှတ်ပေးပေမယ့် စာသင်ကျောင်းတစ်ကျောင်းပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တေွ သေဆုံးကာ တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွက်မျက်တာမျိုးလို ကြောက်မတ်ဖွယ်ရာ အ ကြမ်းဖက်မှုတွေအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ဘလင်ကန်က ဆိုပါတယ်။

အာဆီယံအဖွဲ့က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးစီမံချက်ကို မြန်မာစစ်ခေါင်းဆောင်ပိုင်းက ဖော်ဆောင်လို တဲ့လက္ခဏာမရှိဘူးလို့ သူက ပြောပါတယ်။

ကိုးကား – News 18
Ref; Prisoner Release A ‘Bright Spot’ But No Sign Myanmar Junta Opening Up, Says Blinken