ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်းမှာရှိတဲ့ အကျဥ်းထောင်တွေကနေ နိုဝင်ဘာလ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာသူ ညနေ ၆ နာရီအထိ အကျဥ်းသား ၂၀ ဝန်းကျင်သာရှိသေးတယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်းထောင်က ၁၀ ဦး ကျော်နဲ့ မအူပင်အကျဥ်းထောင်က ၇ ဦးကျော်လောက်သာ ညနေ ၆ နာရီကျော်ချိန်ထိ ပြန်လွတ်လာသေးတယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်းထောင်က လွတ်မြောက်လာတဲ့အထဲ လက်ရှိအချိန်ထိ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ ဦးမြင့်နိုင်နဲ့ ဦးဆန်းမြင့်တို့ပါဝင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

မအူပင်အကျဥ်းထောင်က လွတ်မြောက်လာတဲ့ ၇ ဦးထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး အားလုံးကတော့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်းထောင်ကနေ လွတ်မြောက်လာဖို့ ကျန်ရှိနေသေးတာကြောင့် မိသားစုဝင်တချို့ကတော့ အကျဥ်းထောင်ရှေ့မှာစောင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times