ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAAတို့အကြား ယမန်နေ့ နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ နီးပါးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA၏ The Kokang သတင်းကွန်ယက်မှ သတင်းထုတ်ပြန်သည်။
MNDAA၏ The Kokang သတင်းကွန် ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်၌ နမ့်ပေါင်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား(၇၀)ခန့်မှ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ ခြေကုပ်ယူထားသည့် စခန်းဆီသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆက်တိုက်ခိုက်မှုအား MNDAAမှ လက်ဦးမှု ရယူကာ လက်နက်ကြီးဖြင့် ဦးစွာ တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ၁၃ဦး သေဆုံးကာ ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီမှ တိုက်လေယာဉ် ၂စင်းဖြင့် ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရှိသည့်နေရာသို့ လက်နက်ကိုင်အဖွဲ့တစ်ခုမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – The Kokang
#လားရှိုး #နမ့်ပေါင် #တိုက်ပွဲ #MNDAA #စစ်ကောင်စီ
#Ayeyarwaddy_Times