ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ အချုပ်ထောင်ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသား ၁၁ ဦးနဲ့ အခြားမှုနဲ့ပြစ်ဒဏ်ကျခံနေရသူ ၄ ဦး စုစုပေါင်း ၁၅ ဦး ပြန်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတဲ့သူ ၁၁ ဦးဟာ ဖားကန့်မြို့နယ်၊ မဇွပ်ယန်အချုပ်ထောင်ကနေပြန်လည် လွတ်မြောက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်ခဲ့တာကြောင့် ဝမ်းသာရတယ်”လို့ ပြန်လည်လွတ်မြောက် လာသူ ၁ ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မနက်အစောပိုင်းမှာ ဖားကန့်အချုပ်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေပါ အပါဝင် စုစုပေါင်း ၂၂ ဦးပြန်လွတ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ၁၅ ဦးသာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အချုပ်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၃ ဦးကျန်ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ဖားကန့် #အချုပ်ထောင် #အကျဥ်းသား #Ayeyarwaddy_Times
1