ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြောင်းမဲ့ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးဟာ ဒီကနေ့ (နိုဝင်ဘာလ ၁၇ ရက်) မှာ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။

စေစ်ကောင်စီရဲ့ အပြစ်ရှာဖမ်းဆီးအကျဉ်းချခြင်းကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ထင်ရှားတဲ့ နိုင်င့ရေးသမားတစ်ဦးဖြစ်သူ ကျောင်းသားခေါင်းဆောင်ကိုမြအေးဟာ ထောင်ကနေလွတ်လွတ်ခြင်းမှာပဲ “ကျွန်တော် မြန်မာပြည်သူတွေနဲ့ အမြဲတမ်း အတူတူရှိနေတယ်”လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ကိုမြအေးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကစတင်ပြီး အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်းထားရာကနေ ကိုမြအေးဖုန်းထဲကတွေ့ရှိတဲ့ ၂၀၁၅ ခုနှစ်ကပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်ကိုအကြောင်းပြုကာ ပုဒ်မ ၅၀၅ (ဂ) နဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

ကိုမြအေးဟာ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံထားရစဉ်မှာ ကျန်းမာရေးဆိုးရွားမှုတွေ ကြုံတွေ့ခဲ့ရပြီး ဒီကနေ့ ကြေညာတဲ့ စစ်ကောင်စီရဲ့လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ -AAMIJ

#ကိုမြအေး #လွတ်ငြိမ်းချမ်းသာ #အင်းစိန်ထောင် #Ayeyarwaddy_Times