MANILA, Nov 14 -- - Malaysian Foreign Minister Datuk Seri Mohamad Hasan (right) attends the ASEAN Foreign Ministers’ Meeting in conjunction with the 49th ASEAN Summit and Related Summits today. -- fotoBERNAMA (2026) COPYRIGHT RESERVED
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
အာဆီယံ ဝန်ကြီးအဆင့်နဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ ပြန်တက်ခွင့်ပြုဖို့ တောင်းဆို ထားတာကို အာဆီယံအနေနဲ့ လက်ရှိအချိန်အထိ သဘောတူညီချက် မပေးသေးဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲဖြစ်ပေမဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို နိုင်ငံရေးမဟုတ်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့သာ ကန့်သတ်ထားတဲ့ လက်ရှိအစီအစဉ်အတိုင်း ဆက်ထားမယ်လို့ ၎င်းက ဆိုပါတယ်။
ဒီကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင့်သုံးခဲ့ပေမဲ့ ဒါဟာ အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တာတော့ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။ စနေနေ့က ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့အတူ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မိုဟာမက်ဟတ်ဆန်က အခုလို ပြောကြား ခဲ့တာပါ။
အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးပေမဲ့ မြန်မာ့အကျပ်အတည်းက မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ရှိနေ တယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံကို အလွန်အမင်း ဖိအားပေးတာတွေ လုပ်ဆောင်လိုက်ရင် အဖွဲ့ထဲကနေ လုံးဝ ထွက်ခွာ သွားနိုင်တဲ့ အခြေအနေမျိုးကိုလည်း အာဆီယံက စဉ်းစားနေရတယ်လို့ သူက ဆိုပါတယ်။ အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းရာမှာ အစွန်းမရောက်ဘဲ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ထိတွေ့ဆက်ဆံမှု အချိုးကျ ရှိစေဖို့ ဆက်လက် ဟန်ချက်ညီညီ ကြိုးပမ်းနေပါတယ်။
မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးပွဲတွေမှာ မြန်မာစစ်အုပ်စုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခွင့် ရမရဆိုတဲ့ ကိစ္စက နိုင်ငံတကာရဲ့ အထူး စိတ်ဝင်စားစရာ အဓိက အချက်တစ်ချက် ဖြစ်နေဆဲပါ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပေမဲ့ ဘုံသဘောတူညီချက်တွေနဲ့အညီ ဆက်လက် ကိုင်တွယ်သွားဖို့ ညှိနှိုင်းနေပါတယ်။
News: The Star
Ref; Asean yet to agree to Myanmar’s return to ministerial, leaders’ meetings