ဧရာဝတီတိုင်းမ်
(ကလေး)၊ နိုဝင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ် (တောင်ပိုင်း) မြောက်စည်းရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းအချိန်တွင် ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း VAKOK-CNDF မှထုတ်ပြန်ထားပါသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိအဆင့်ရှိ ၁ ဦးသေဆုံးခဲ့ပြီး၊ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၂ လုံး၊ MA-5 ပစ္စတို ၁ လက်၊ ခြောက်လုံး ပြူး ၁ လက်၊ ဖုန်း နှင့် powerbank၊ ကျပ်ငွေသုံးသိန်းကျော် နှင့် မှတ်ပုံ တင်များကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များဘက် မှထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်တင်းမာလျက်ရှိသည့်အတွက် တိုက်ပွဲများဆက် လက်ဖြစ်ပွားနိုင်ကြောင်းVAKOK- CNDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်၊ နေကြာတိုက်ဝန်းကျင်တွင်လည်း သေနတ်ပစ်သံ၊ဗုံးပေါက်ကွဲသံများကြားရပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေများ မသိရကြောင်း တာဟန်းရပ််ကွက်မှ ဒေသခံများထံမှသိရသည်။

#ကလေးမြို့တောင်ပိုင်း #တောင်ပိုင်း #တိုက်ပွဲ #AyeyarwaddyTimes