ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ပြည်သူ ၁ ဒသမ ၇ သန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရလို့ တိုင်းပြည်တွင်းမှာ စစ်ဘေးရှောင် ၃ သန်းကျော်အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။
အာဏာသိမ်းပြီး ၂၁ လအကြာမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်း၊ ကယားပြည်နယ်တွေမှာ နိုဝင်ဘာလ ၂ ရက်အထိ ပြည်သူ ၁၆၅၀၆၆၁ ဉီး အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP Myanmar) က ဒီလအစောပိုင်းမှာ အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
အာဏာမသိမ်းမီက စစ်ဘေးရှောင် ၄၉၇၂၀၀ ဉီးရှိခဲ့ပြီး စစ်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူ ၁၀၁၉၁၉၀ ဉီးရှိခဲ့တယ်လို့ ISP Myanmar က ဆိုပါ တယ်။
မြန်မာနိုင်ငံမှာ စုစုပေါင်း စစ်ဘေးရှောင် ၃၁၆၇၀၅၁ ဉီးရှိလာရာ တိုင်းပြည်လူဉီးရေ ၄ ဒသမ ၄ သန်းရဲ့ ခြောက်ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့ ISP Myanmar က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ မေလ ၆ ရက်ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ လူသားချင်းစာ နာမှုအကူအညီတွေကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ဖို့ အာဆီယံနဲ့ သဘောတူခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်ဘေးရှောင်တွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ စစ်ကောင်စီက လွတ်လပ်စွာ လုပ်ဆောင်ခွင့်မပြုဘူးလို့ ပြည်တွင်းအကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး အကူအညီတွေကို စစ်ဘေးရှောင်တွေထံ ပို့ဆောင်ခွင့်ပိတ်ပင် ထားတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တွေက ပြောပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းစစ်ဘေးရှောင်ဒေသခံတချို့။(ပုံဟောင်း)
ကိုးကား – RFA
Ref; Nearly 1.7 million new refugees of conflict in Myanmar since coup