ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်ထောင်မှာ အမျိုးသားနေ့အထိမ်းအမှတ်နိုင်ငံရေးးအကျဥ်းသားအချို့နဲ့အခြားအကျဥ်းသားများလွှတ်မြောက်ဖို့ရှိတယ်ဆိုပြီး
သတင်းထွက်ပေါ်နေပေမယ့် ဒီနေ့နေ့လည် ၁၂နာရီ အချိန်ထိ တစ်ယောက်မှလွှတ်ပေးတာမရှိသေးဘူးလို့သိရပါတယ်။
“တစ်ချို့က ၂နှစ်ကျတယ်လူဆို လွှတ်ရက်တောင်စေ့နေပါပြီ။ မနက်က၇နာရီထဲကလာစောင့်နေတာခုထိတစ်ယောက်
မှ ထွက်မလာသေးဘူး”လို့ ပုသိမ်အကျဥ်းထောင်ရှေ့လာရောက်စောင့်ဆိုင်းနေတဲ့ မိသားစု၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ ပုသိမ်အကျဥ်းထောင်ရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့နဲ့ ရဲတပ်ဖွဲ့၀င်တွေရောက်ရှိနေပြီး ပုသိမ်မြို့ကနိုင်ငံရေးအကျဥ်းသားတွေရဲ့မိသားစု၀င်တွေလည်း ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်တယ် လို့သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကနေ့မှာ အကျဥ်းထောင်အသီးသီးက အကျဥ်သား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ ကြေငြာထားပါတယ်။
#ပုသိမ် #နိုင်ငံရေးအကျဥ်းသား #လွတ်မြောက်
#Ayeyarwaddy_Times