ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေသည့်အတွက် ဒေသတွင်း စက်မှုလုပ်ငန်းအချို့ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိန်း ၉၂ ဆီမှာ Max ဆီဆိုင်တစ်ခုတည်း၌ပင် အကန့်အသတ်ဖြင့်သာရောင်းချခဲ့ပြီး ကျန် ၂ ဆိုင်တွင်မူ အရောင်းပိတ်သိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဆီထည့်ဖို့သွားတာ ဆိုင်ရောက်တော့ ၉၂ မရှိတော့ဘူး။ Max မှာတောင် လစ်မစ်နဲ့ပဲ ရတယ်။ ဒီလောက်ထိဆီပျက်သွားတာတော့ မဖြစ်သင့်ပါဘူးဗျာ “ဟု မြို့ခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပန်းတနော်မြို့​၌ ဆီဆိုင် ၃ ခုရှိသည့် အနက် Ok Energy ဆီဆိုင်နှင့် မြတ်မဂ်လာဆီဆိုင်တို့၌ အောက်တိန်း ၉၂ ရောင်ချမှုမရှိတော့ပဲ ၉၅ တစ်မျိုးထဲသာရှိတော့ကြောင်း သိရသည်။

“ဆိိီဆိုင်ကြီးတွေမှာ ဆီမရှိတော့ ဘေးကဆိုင်လေးတွေမှာပဲလိုက်ထည့်ရတယ်။ အချို့က ပုတွေနဲ့ဝယ်တာါ ဆီပြတ်တယ်ဆိုတော့ သူ့တို့ကတော့ ဆီကားလာရင်ပြန်ရမယ်ပြောတယ်။ စစ်ကောင်စီလက်ထက်ကြမှ အခုလိုမျိုးတွေဖြစ်တာ ရုပ်ပျက်ဆင်ပျက်ပဲ “ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိူပြောသည်။

စက်သုံးဆီပြတ်လပ်မှုကို ယခင်အရပ်သားအစိုးရလက်ထက်က ကြုံတွေ့ရဖူးခြင်းမရှိကြောင်း စစ်ကောင်စီလက်ထက်မှ ကြုံတွေရဖူးခြင်းဖြစ်သည်ဟု မြို့ခံအချို့က ဆိုသည်။

ယင်းကဲ့သို့ စက်သုဲးဆီပြတ်လပ်နေမှုကြောင့် စက်မှုလုပ်ငန်းအချို့ ရပ်နားထားရပြီး အချို့မှာ လျှပ်စစ်မီးပုံမှန်မရရှိသည့်အတွက် မီးစက်ကို မှီခိုအားထားနေရသည့်အတွက် စျေးနှုန်းများလည်း မြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#ပန်းတနော် #စက်သုံးဆီ #ပြတ်လပ်
#Ayeyarwaddy_Times