ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ယာဥ်ထိန်းရဲတပ်ကြပ်ကြီး အောင်စန်းမော်၏ အသုဘကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီတွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါအသုဘနာရေးအား စစ်ကောင်စီတပ်က ယာဥ်ထိန်းရဲ၏နေအိမ်၊ ပို့ဆောင်ရာလမ်းတလျှောက်နှင့် သင်္ချိုင်းတို့တွင် လုံခြုံရေးအင်အားအများအပြားချထားခဲ့ပြီး ၄င်းတို့စစ်အုပ်စုလက်အောက်ရဲအသိုင်းအဝိုင်းတချို့သာလိုက်လံပို့ဆောင်ခဲ့သည်ဟုဆိုသည်။
“လူအနည်းအပါးနဲ့ ဒီမသာကို လိုက်ပို့ကြတယ်။ နာရေးကို လိုက်မပို့ရဲတဲ့သူတွေလဲရှိကြတယ်။ လုံခြုံရေးကလည်းအပြည့်ပါလာတယ်။ သာမန် နာရေးဆိုရင် လူတိုင်းမြို့က လိုက်ပို့ကြတယ်။ ခုက တစ်မြို့လုံးလဲ ဒီယာဥ်ထိန်းရဲကို ရွံနေကြတာ။ အခုဆို ကော့သောင်းက ဒလန်အများစုလဲ အတော်လေးကြောက်နေကြတယ်။ အတော်လေးလဲ ငြိမ်သွားကြတယ်။နောက်ထပ်လဲ ဒါမျိုး ထပ်လုပ်စေချင်တယ် ဂျိုကြွနေတဲ့ စစ်တပ်အားပေးတွေကို “လို့ ကော့သောင်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေနတ်နဲ့ပစ်သတ်ခံခဲ့ရသည့် စစ်အုပ်စုလက် အောက်ခံ ယာဥ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင်သည် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ချမ်းမြေ့ဆေးခန်းလမ်းရှိ ၄င်း၏ မယား ငယ်၏နေအိမ်တွင် ဦးခေါင်းကိုသေနတ် ၅ ချက်ပစ်ခတ်ခံရကာ ၆ မိုင် ကုတင် ၁၀၀ စစ်ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ယာဥ်ထိန်းရဲ စန်းမောင်အောင်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်တွေက ကော့သောင်းမြို့က နေအိမ်အချို့ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်း ဝင်ရောက်စစ်ဆေးခဲ့တာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times