ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

အမေရိကန်ဒုတိယသမ္မတ ကာမာလာဟားရစ်ရဲ့ ဒီသီတင်းပတ်အတွင်းစတင်မဲ့ အာရှခရီးစဉ်တစ်ခုအ တွင်း မြန်မာ့အရေး၊ ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးဆက်ဆံမှုနဲ့ ရာသီဥတုအကျပ်အတည်းကို ဆွေးနွေးမယ်လို့ အကြီးတန်း အရာရှိတစ်ဉီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမေရိကန်ဒုတိယသမ္မတ ကာမာလာဟားရစ်ဟာ စနေနေ့မှာ ဗန်ကောက်မြို့တော်၌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံမှာဖြစ်ပြီး တနင်္ဂလာနေ့မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ တွေ့ဆုံမယ်လို့ အ မေရိကန် တာဝန်ရှိသူက ပြောပါတယ်။

ကာမာလာဟားရစ်က ဗန်ကောက်မြို့တော်မှာပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက် မှု (အေပက်) ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ တွေ့ဆုံချိန်မှာ ရာသီဥတုအကျပ်အတည်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်တွေကို အလေးထားဆွေးနွေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့တဲ့ အ ကြောင်းအရာတစ်ခုဖြစ်တဲ့ မြန်မာ့အရေးကိုလည်း ကာမာလာဟားရစ်က ဆွေးနွေးမယ်လို့ မျှော်မှန်းရပါတယ်။

ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်တွေ ထပ်လောင်းအတည်ပြုဖို့ သမ္မ ဖာဒီနန်မားကို့စ်နဲ့ မတွေ့ဆုံမီ ကာမာလာဟားရစ်က ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဗီဆင်တာနဲ့ တွေ့ဆုံမှုတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Myanmar, climate and economy on agenda for US VP Harris in Asia