ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

ရုရှားလုပ် ဒုံးကျည်တစ်စင်းက ယူကရိန်းနယ်စပ်အနီး ကျေးရွာတစ်ရွာကို ထိမှန်ခဲ့လို့ လူ ၂ ဉီး သေဆုံးခဲ့ ရာ ဒီဖြစ်ရပ်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် စိုးရိမ်မှုတွေဖြစ်စေတယ်လို့ ပိုလန်နိုင်ငံက ပြောကြားလိုက်ပါ တယ်။

ဒုံးကျည်တစ်စင်းကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပေမယ့် မည်သူက ဒုံးကျည်ပစ်ခတ်ခဲ့ သည်ဆိုသည့် အထောက်အထားမရှိဘူးလို့ ပိုလန်နိုင်ငံက ပြောပါတယ်။

ရုရှားနိုင်ငံက ဒုံးကျည်ပစ်ခတ်ခဲ့ပါက မော်စကိုရဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာမှာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နေတိုးအဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်ပါက နေတိုးတစ်ဖွဲ့လုံးကို တိုက်ခိုက်သည်ဟူ သော အပိုဒ် ၅ ကို ချိုးဖောက်ခြင်းကြောင့် ရုရှားနဲ့ စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိလာစေပါတယ်။

နေတိုးအဖွဲ့က အခြေအနေကို စောင့်ကြည့်နေပြီး အချက်အလက်အားလုံး ခိုင်မာဖို့ အရေးကြီးတယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘဂ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပိုလန်သမ္မတနဲ့ ဖုန်းပြောဆိုခဲ့ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာမှာ အကူ အညီပေးဖို့ ကတိပြုလိုက်ပါတယ်။

ပိုလန်နိုင်ငံအတွင်း ဒုံးကျည်တစ်စင်းကျရောက်တာဟာ ပဋိပက္ခအရှိန်မြှင့်လာမှုဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

“ဒီကနေ့ဖြစ်ပျက်ခဲ့တာကို အရင်ကတည်းက ကျွန်တော်တို့ သတိပေးခဲ့ပါတယ်။ အကြမ်းဖက်မှုဆိုတာ နယ်မြေအကန့်အသတ်တွေ မရှိပါဘူး။ အခု ရုရှားဒုံးကျည်တွေ ပိုလန်နိုင်ငံအတွင်း ကျရောက်ပါပြီ”လို့ ဇီလန်စကီး က ပြောပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ရုရှားဒုံးကျည်တွေ ပိုလန်ပိုင်နက်အတွင်း ကျရောက် တာမရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး စွပ်စွဲချက်က တမင်သက်သက် ရန်စမှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Missile strike kills two in Poland near Ukraine border