ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

မြန်မာဂျက်တိုက်လေယာဉ်တစ်စင်း ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက် ကြီးကြီး ကျယ် ကျယ် ပြဿနာတစ်ခုမဟုတ်ဖူးဆိုတဲ့ ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာအနေနဲ့ သတိရှိသင့်တယ်လို့ ပညာရှင်တစ်ဦး က သတိပေးလိုက်ပါတယ်။

မြန်မာစစ်လေယာဉ် ထိုင်းနိုင်ငံ လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တဲ့ကိစ္စကို အမျိုးသားလုံခြုံရေးနဲ့ ပြည်သူ့ဆက်သွယ်ရေးအရ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ချူလာလောင်ကွန်တက္ကသိုလ် အာဆီယံ လေ့လာရေး ဌာန သင်ကြားရေးဌာနရဲ့ ညွှန်ကြားရေးမှူး ပီတိဆရီဆေနမ်က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်တဲ့စနစ်တစ်ခု ရှိပါတယ်။ အဲဒီဖြစ်ရပ် ဖြစ်ပွားပြီးပြီးချင်း မြန်မာစစ်သံမှူးတွေနဲ့ စကားပြောဖို့ ထိုင်းစစ်သံမှူးတွေ စေလွှတ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာက အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သလို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းလည်းဖြစ်ပါတယ်။ မဖော် ရွေတဲ့နည်းလမ်းနဲ့ ဆွေးနွေးမယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်” လို့ ၄င်းက ပြောပါတယ်။

နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် မြန်မာစစ်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ကျူး ကျော်ဝင်လာတာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဖူးလို့ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ကထိကဟောင်း ပါနီတန်ဝတ်တာနာယာဂွန်က ပြောပြန်ပါတယ်။

ထိုဖြစ်ရပ်က ထိုင်းလေတပ်ဖွဲ့ရဲ့ အားနည်းချက်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်တယ်လို့ အစိုးရအဖွဲ့ လုံခြုံ ရေးရေးရာ ကော်မတီရဲ့ အကြီးအကဲလည်းဖြစ်သူ ပါနီတန်က ဆိုပါတယ်။

မြန်မာစစ်လေယာဉ် ကျူးကျော်ဝင်ရောက်တာ ပြသနာမဟုတ်ဖူးဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ မှတ်ချက်စ ကားနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က မိမိလေပိုင်နက်ကို ကာကွယ်နိုင်ပြီး ယခုဖြစ်ရပ်ကနေ သင်ခန်းစာတစ်ခု ယူ နိုင်တယ်ဆိုတာ ပြည်သူတွေသိရှိဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

တက်ခ်ပြည်နယ်၊ ဖော့ဖရားခရိုင်မှာ ဇွန်လ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်တပ် က တောင်းပန်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ပရာယွပ်က ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Tensions rise as Myanmar jet enters Thai air space