ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့တွင်စစ် ကောင် စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ဇူလိုင် ၃ ရက် ယနေ့နေ့လည် ၃ နာရီဝန်းကျင်က အမည်မသိလူတချို့မှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရသူမှာ အောင်လံမြို့၊စက်ရုံရပ်ကွက် စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းနောင်သိန်းဆိုသူ ဖြစ်ပြီး ဆိုင်ကယ်ဖြင့်သွားလာနေစဥ် သဲအင်းဂူဘုန်း ကြီးကျောင်းလမ်းအတွင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ် သည်ဟုဆိုသည်။

” အဲ့ဒီလမ်းမှာ ဘုန်းကြီးကျောင်းမုဒ်ဦးဆောက်နေလို့ လမ်းကိုတလမ်းသွားကျဥ်းကျဥ်းလေးလုပ်ထားတာ၊ ဖြည်းဖြည်းမောင်းနေတုန်းပစ်ခံရတာနေမှာ၊ ရာအိမ်မှူးနောက်တယောက်လည်းပါတယ်ပြောတယ်။ အုပ်ချုပ်ရေးမှူးထိတာတော့သိတယ်၊ သေနတ်တော့မှန်တယ် မသေသေးဘူးလို့သိရတယ်၊ ရာအိမ်မှူးထိမထိတော့မသိဘူး” ဟု အောင်လံမြို့ခံတဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

၄င်းအုပ်ချုပ်ရေးမှူးနှင့်အတူ ရာအိမ်မှူးတဦးလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်ခံခဲ့ရသည့် စစ်ကောင်စီခန့်ရပ်ကွက်အုပ် ချုပ်ရေးမှူးကို အောင်လံမြို့ဆေးရုံကြီးသို့ ခေါ်ဆောင်၍ ကုသနေကြောင်း သိရသည်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ တစုံတရာထုတ်ပြန်တာမတွေ့ရသေး ပါ။