ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေ စိုက် မောရဝတီရေတပ်စခန်းဌာနချုပ်၊ ရေတပ်အုပ်ချုပ်ရေးတပ် (ရအတ ၄၃ ) မှ စစ်ကောင်စီ ရေတပ်ဖွဲ့ဝင် ၁ ဦး ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ဆေးရုံတက်ရောက်နေရာမှသေဆုံးသွားကြောင်း ဒေသခံများထံကသိရသည်။

သေဆုံးသွားသူမှာ စစ်ကောင်စီတပ် ရအတ ၄၃ မှ အသက် ၅၄ နှစ်အရွယ် တပ်ကြပ်ကြီး အောင်နိုင်ဦး ဆိုသူဖြစ်ပြီး နှလုံးသွေးကြောပေါက်ရောဂါဖြင့် ကံပေါက်အခြေစိုက် အမှတ် ၁၃ တပ်မတော် ဆေးရုံ ၊ ကုတင် ၂၅ (တဆရ ၁၃/၂၅) တွင်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဒီနေ့နေ့လည်သဂြိုဟ်တာပါ။ ကံပေါက်ရေတပ်ထဲက တပ်ကြပ်ကြီး ၁ ဦးနာရေးဖြစ်ပါတယ်။ သေတာကတော့ဒီတိုင်းရောဂါ နှလုံးသွေးကြောပေါက်တာ၊ ကိုဗစ်ဘာညာတော့မပါဘူးပြောတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးကဧရာ ဝတီတိုင်းမ်ကိုပြောသည်။

ကံပေါက်အခြေစိုက် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကိုဗစ်ရောဂါအပါအဝင် အခြားရောဂါများဖြင့်သေဆုံးမှုများပြားကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ – CJ
#ရေဖြူ #ကံပေါက် #ရအတ ၄၃ #တကက #အောင်နိုင်ဦး #သေဆုံး #AyeyarwaddyTimes