ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
မြန်မာနယ်စပ်အနီး လုံခြုံရေးတပ်ဖွဲ့နဲ့ မူးယစ်မှောင်ခိုသမားများကြား တိုက်ပွဲတစ်ခုမှာ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိတစ်ဉီးနဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ဉီး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နယ်စပ်ဒေသတစ်ခုမှာ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်းတို့က မနေ့ ကညပိုင်းမှာ ပူးတွဲမူးယစ်ဆေးနှိမ်နင်းမှု စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့တာလို့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေး ဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မူးယစ်ဆေးမှောင်ခိုသမားတွေနဲ့ တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိတစ်ဉီး ကျဆုံး ကာ အထူးတိုက်ခိုက်ရေးတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့တဲ့ ထောင်ချီတဲ့ ရိုဟင်ဂျာတွေနေထိုင်ရာ ကူတူပလောင် ဒုက္ခသည်စခန်းကနေ ကီလိုမီတာအနည်းငယ်အကွာ Gum Dhum အနီး မနေ့ကညပိုင်း ၈ နာရီဝန်းကျင်မှာ တိုက် ပွဲဖြစ်ခဲ့တာပါ။
ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှုတွေ မြင့်တက်နေစဉ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက သံသယ ဖြစ်ဖွယ် ရိုဟင်ဂျာ ရာဇဝတ်သားတွေကို နှိမ်နင်းမှုတွေပြုလုပ်ကာ အောက်တိုဘာလနှောင်းပိုင်းမှာ ဒုက္ခသည် ၇၅ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးအောင် ARSA အဖွဲ့က သတ်ဖြတ် မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဉီးက အောက်တိုဘာလအတွင်း ပြောကြားခဲ့ပါတယ်။
ARSA အဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာ ကြောင့် မြန်မာစစ်တပ်က ရက်စက်စွာ လက်တုံ့ပြန်ခဲ့ရာ ရိုဟင်ဂျာ ၇၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခဲ့ရပါတယ်။
ကိုးကား – Laprensa Latina
Ref; Bangladesh officer, Rohingya woman killed in clash near Myanmar border