ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၅ ရက်

 

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် အများအပြား၌ ဆီရောင်းချမှု ခေတ္တပိတ်ထားပြီး စက်သုံးဆီ ရုတ်တရက် ပြတ်လပ်နေသဖြင့် ဆိုင်ရှေ့များတွင် ကားများ ယာဉ်တန်းရှည် တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

 

ယမန်နေ့နှင့် ယနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းအထိ စက်သုံးဆီဆိုင် အများအပြား၌ ဓာတ်ဆီ ၉၂ ၊ ၉၅ နှင့် ဒီဇယ်၊ ပရီမီယံ ဒီဇယ် အမျိုးအစား အားလုံး ဝယ်ယူ၍ မရရှိနိုင်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“မနေ့ကတည်းက ဆီဝယ်မရတာ။ ကားတွေ တန်းစီနေတာ အများကြီးပဲ။ ဒီမနက်လောက် ပြန်ရမယ် ထင်တာ၊ ခုထိ မရသေးဘူး။ ဘာဖြစ်လို့ ပြတ်တာလဲ မသိဘူး။ အပြင်ကနေပဲ ၁ လီတာကို ၇,၅၀၀ နဲ့ ဝယ်သုံးနေရတယ်” ဟု ရန်ကုန်မြို့မှ တက္ကစီမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စက်သုံးဆီဆိုင် အများအပြား၌ ဆီအမျိုးအစား အားလုံး ပြတ်လပ်နေပြီး အချို့စက်သုံးဆီဆိုင်များတွင်မူ ဒီဇယ်ဆီ သီးသန့် ရရှိနေသေးကြောင်း စုံစမ်းသိရသည်။

ရွေးတုအစိုးရသည် ပြီးခဲ့သည့် ဧပြီလမှ ယခု နိုဝင်ဘာလကုန်အထိ ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝ ဓာတ် ငွေ့ရည် (LNG) တို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် မတ်လအတွင်းကလည်း အင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် နှစ်ကြိမ်သာ စက်သုံးဆီ ဝယ်ယူရန် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

 

သို့သော်လည်း ရွေ စက်သုံးဆီ တင်သွင်းမှု ထိန်းချုပ်ရေး မူဝါဒများနှင့် နိုင်ငံခြားငွေ လဲလှယ်မှု အကျပ်အတည်းများကြောင့် ယခုကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီ ခဲရာခဲဆစ် ဖြစ်ပေါ်ပြီး စံချိန်တင် ဈေးနှုန်းများဖြင့် ဝယ်ယူနေရခြင်းဖြစ်ကြောင်း စီးပွားရေး လေ့လာသူများက ဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်