‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၅ရက်

‎စစ်ကိုင်းတိုင်း၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၏ စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်တပ်၏ စစ်ယာဉ်တန်းများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ခရီးသွားပြည်သူများ လမ်းပိုင်းသွားလာခြင်းမပြုရန် သတိပေးတားမြစ်ချက် ထုတ်ပြန်လာသည်။

‎ကသာခရိုင် အမှတ် (၁) တပ်ရင်း၏ စစ်ရေးလှုပ်ရှားရာနယ်မြေများဖြစ်သော ကသာ – ထီးချိုင့် (အမှတ် ၃ ကားလမ်း) နှင့် ကသာ – မော်လူး ကားလမ်းတို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသဖြင့် ခရီးသွားပြည်သူများ သွားလာအသုံးပြုရန် လုံးဝမသင့်တော်သည့် အခြေအနေဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၅ရက်တွင် အသိပေးထားသည်။

‎​ကသာခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် စစ်တပ်၏ ယာဉ်တန်းများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ရာ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ၎င်းစစ်ယာဉ်တန်းများနှင့် ကပ်လိုက်ပါခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းများ လုံးဝမပြုလုပ်ကြရန် အထူးသတိပေး မေတ္တာရပ်ခံထားသည်။

‎​အဆိုပါ သတိပေးထုတ်ပြန်ချက်သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှစ၍ အကျုံးဝင်ပြီး ဖြတ်သန်းသွားလာခြင်း ပြုလုပ်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း၊ အမှတ် (၁) တပ်ရင်းမှ လုံးဝတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဘဲ သွားလာခွင့်ပြုမှသာ သွားလာကြရန် သတိပေးထားသည်။

‎ထို့ပြင် ယခုထုတ်ပြန်ချက်သည် မိဘပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။