ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

အာဏာသိမ်းစစ်ကောင်စီက ကတိပြုထားတဲ့ လာမယ့်နှစ် မြန်မာနိုင်ငံမှာကျင်းပမဲ့ ရွေးကောက်ပွဲကို မ လေးရှားနိုင်ငံက မထောက်ခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။

ဘက်လိုက်မှုရှိပြီး သက်ဆိုင်သူတွေက အတည်ပြုမထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ကို အာ ဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ခဲ့တာကြောင့် ရွေးကောက်ပွဲကို မထောက်ခံတာလို့ သူက ပြောပါတယ်။

အနာဂတ်ကာလမှာ ပိုမိုတည်ငြိမ်ဖို့ မြန်မာနိုင်ငံကို ဒီမိုကရေစီတိုင်းပြည်တစ်ခုအဖြစ် ပြန်လည်လျှောက် လှမ်းနိုင်အောင် ကူညီဖို့ မလေးရှားနိုင်ငံက သံန္နိဌာန်ချထားပါတယ်။

“မြန်မာနိုင်ငံမှာ ယခင်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး တရားမျှတမှုရှိတာကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက အသိအမှတ်ပြုခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောစ ရာမရှိပါဘူး” လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD က လွှတ်တော်မခေါ်မီ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် မလေး ရှားနဲ့ အာဆီယံက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံစရာမလိုဟု သူက ဆိုပါတယ်။

G20 အစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ မလေးရှားနိုင်ငံမှတစ်ဆင့် သွားရောက်ခဲ့ တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့လည်း ဆိုင်ဖူဒင်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ ပါသေးတယ်။

NUG က အဆိုပြုတဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံအသီးသီးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အလှူရှင်ညီ လာခံတစ်ခု ကျင်းပရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဂူတာရက်စ်ကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုင်ဖူဒင်က ဆိုပါတယ်။

မြန်မာနိုင်ငံက NGO အများစုက လူသားချင်းစာနာမှုအကူအညီ ဖြန့်ဖြူးလိုသော်လည်း အာဏာသိမ်းစစ် ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့ နိုင်ငံအသီးသီးပါဝင်တဲ့ အလှူရှင်ညီလာခံတစ်ခုကျင်းပဖို့ NUG ရဲ့ အဆိုပြုချက် ကို မလေးရှားနိုင်ငံက ထောက်ခံတာဖြစ်ပါတယ်။

ကိုးကား – Bernama
Ref; Saifuddin: Malaysia does not support elections in Myanmar promised by junta next year