ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ယမန်နေ့ညပိုင်းကဖြစ် ပွားခဲ့သည့် စစ်ကောင်တပ်နှင့်PDF များအကြား ပစ်ခတ်မှုတွင် စစ်အုပ်စုဘက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏သား သတင်းပေး ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးပြီးPDF ၅ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ယမန်နေ့နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင် တွင် ဇေယျာသီရိ ၃ ရပ်ကွက်အတွင်းရှိ PDF များနေထိုင်သည့် နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်များမှ အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့ရာ PDF များဘက်မှ ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီဝန်းကျင်အထိ အချိန် ၃ နာရီနီးပါးအကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးများပါအသုံးပြုပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် ဇေယျာ ၃ ရပ်ကွက်အား ပိတ်ဆို့ပြီး စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးသား ဒလန် ၁ ဦးသေ ဆုံးခဲ့ကြောင်း၊ Special Underground Movement Force Mawlamyine မှ တော်လှန်ရေးရဲဘော် ကျား ၄ ဦး၊ မ ၁ ဦးစုစုပေါင်း ၅ ဦး လက်နက်ငယ် ၃ လက်နှင့်အတူအရှင်ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအဖွဲ့မှ ထုတ်ပြန်ထားသည်။

“အဲ့ဒီနေရာမှာကမလုံခြုံတော့ဘူးဆိုတာသိလို့ ပြောင်းမလို့ပြင်နေကြတာ၊ ဒီညနေမှာဘဲပြောင်းမယ်ဆိုပြီးပြင်ဆင်ပြီးပြီ၊ အဲ့တာကိုဒလန် ၃ ယောက်ကသိသွားပြီးတိုင်လိုက်တော့ခုလိုအင်အားသုံးပြီးဝင်ဖမ်းခံရတာ၊ ဆက်တိုက်ကိုဘဲပစ်နေတာသူတို့က၊ ကျွန်တော်တို့အဖွဲ့ဝင်ကတော့ ၅‌ ယောက်ပါ၊ စစ်ကောင်စီဘက်ကတော့ ၆ ယောက်မိတယ်ပြောနေကြတယ်၊ နောက်တစ်ယောက်ကတော့ဘယ်သူလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး” ဟု SUMF- MAWLAMYINE တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီမှအင်အားအလွန် အကျွံသုံးခဲ့သည့်အပြင် လက်နက်ကြီးနှင့်ပါပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးအပါ ၅ ဦးမှာ လက် နက်ငယ် ၃ လက်အတူအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

မော်လမြိုင်မြို့သည် စစ်ကောင်စီတပ်၏ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) စစ်တိုင်းရုံး အခြေ စိုက်ရာမြို့ဖြစ်ပြီး တပ်ရင်းအများအပြားအခြေစိုက်ထားသည့် မြို့တစ်ခုလည်းဖြစ်သည်။

#မော်လမြိုင် #PDF #SUFM #တိုက်ပွဲသတင်း #အရှင်ဖမ်းဆီးခံရ #AyeyarwaddyTimes