ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ပြီးခဲ့တဲ့နှစ်အတွင်း သွေးစွန်းသော အာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်နေတဲ့ အတိုက် အခံခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်မယ့်ရွေးပိုင်ခွင့်ကို အာဆီယံကိုးနိုင်ငံက ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
“ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှုကို အားပေးမယ့် အခြားနည်းလမ်းတွေကို အာဆီယံက စဉ်းစားမယ်” လို့ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ အချက် ၁၅ ချက်ပါ ထုတ်ပြန်ချက်က ဆိုပါတယ်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြန်မြန်ဆန်ဆန် အင်အားကြီးထွားလာသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ဆွေးနွေးဖို့ အာဆီယံက တံခါးဖွင့်ထားတယ်လို့ သံတမန်တွေက ပြောပါတယ်။
အခြားနည်းလမ်းတွေကြောင့် လာမယ့်နှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်သော အရေးယူမှု လုပ်ဆောင်နိုင်မယ်လို့ သံတမန်တွေက ဆိုပါတယ်။
မြန်မာ့အရေးက ထိရှလွယ်တဲ့ အခြေအနေမှာရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်က စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံက အခြေအနေက ပြည်သူတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်” လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
“မြန်မာစစ်တပ်က တိုင်းပြည်ကိုထိန်းချုပ်နိုင်ဖို့ ရက်စက်ကြမ်းကြုတ်မှုပေါင်းစုံ ဆက်လက်ကျူးလွန်နေ ပေမယ့် အာဆီယံကတော့ မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တာမရှိပါဘူး” လို့ အာဆီယံအမတ် များ လူ့အခွင့်အရေးအဖွဲ့ ချားလ်ဆန်တီယာဂိုက ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်က စိတ်ပျက်စရာဖြစ်ပြီး အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီ ချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကို ထောက်မပြဘူးလို့ သူက ဆိုပါတယ်။
ကိုးကား – UCA News
Ref; ASEAN preps to open talks with Myanmar