
ကိုမိုင်း/ဧရာဝတီတိုင်းမ်
(မူဆယ်)၊ နိုဝင်ဘာ ၁၄ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ Top One Motel အနီးတွင် ယနေ့ မွန်းတည့်(၁၂)နာရီခွဲ ဝန်းကျင်အချိန်တွင် ဗုံး(၃)လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် မြန်မာ-တရုတ်နယ်စပ် ဆင်ဖြူဂိတ်အကျော် မင်္ဂလာမူဆယ်သွားသည့်လမ်းမတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိမန့်ပြိန်းပြည်သူ့စစ်များနှင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှု ရှိသည်ဟု မူဆယ်မြို့ခံ အမျိုသားတစ်ဦးက အတည်ပြုပြောကြားသည်။
မူဆယ်မြို့ခံ အမျိုသားတစ်ဦးက “အဲ့ဒီ Top One motel မှာက မန့်ပြိန်းပြည်သူ့စစ်တွေပဲ ရှိတယ်၊ သူတို့မန့်ပြိန်းပြည်သူ့စစ်ရဲ့ motelလို့ ပြောတယ်၊ သူတို့ကို ဖောက်ခွဲတာလားတော့ မပြောတက်ဘူး၊အထုတ်နဲ့ လမ်းမအလယ် ကနေ ပေါက်ကွဲတာ သုံးလုံးလောက်တော့ ကွဲတယ်၊ လမ်းသွားလမ်းလာတွေကို ဗုံးစ ထိမှန်တာရှိတယ်၊ အဲ့မှာရှိတဲ့ ပြည်သူ့စစ်တွေကို ထိတာရှိတယ်၊ သူတို့ကို လူမှု ကူညီရေး အသင်းကားတွေက ဆေးရုံကို ပို့နေကြတယ်” ဟု
မူဆယ်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မင်္ဂလာမူဆယ်သွားသည့်လမ်းတွင် စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။
မူဆယ်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် TNLA၊ MNDAA၊ KIA၊ SSPPနှင့် ပြည်သူ့ကာ ကွယ်ရေးတပ် PDFများအပြင် စစ်ကောင်စီတပ်နှင့် ၎င်း ၏လက်အောက်ခံပြည်သူ့စစ်များလည်းရှိနေပြီးမကြာ ခဏ ဗုံးပေါက်ကွဲမှုများရှိကြောင်းဒေသခံများက ပြော သည်။
အဆို ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းမှ လုပ်ဆောင်သည်ကို သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။
ဓာတ်ပုံ – ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အရပ်သားများနှင့် ပြည်သူ့စစ်များအားကုသမှုတချို့ပြုလုပ်နေစဥ်။