ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

မြန်မ့ာအရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်ရရှိဖို့နှင့် စစ်ကောင်စီကို အရေးယူဖို့ အာဆီယံထိပ်သီး ဆွေး နွေးပွဲမှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ထောက်ခံလိုက်ပါတယ်။

အတိုက်အခံတွေကို ကြိုးပေးကွပ်မျက်တာ အပါအဝင် အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုက လက်သင့်ခံနိုင်စရာမရှိဘူးလို့ ဂျာစင်ဒါက ပြောပါတယ်။

“စစ်အစိုးရကိုဆန့်ကျင်သူတွေကို ကြိုးပေးကွက်မျက်ခဲ့တာ စိတ်ထိခိုက်စရာဖြစ်ပြီး ဒေသတွင်းမှာ အစွန်း အထင်းတစ်ခု ဖြစ်သွားခဲ့ပြီ” လို့ သူက ပြောပါတယ်။

မြန်မာပဋိပက္ခက ဒေသတွင်းမှာ ဖြေရှင်းရအခက်ဆုံး ပြဿနာတစ်ခုလို့ ဂျာစင်ဒါက ဆိုပြီး နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်ရရှိနိုင်စွမ်းကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။

လက်ရှိ အကျဉ်းချခံနေရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခဲ့တာကို သတိရမိတယ်လို့ ဂျာစင်ဒါက ပြောပါတယ်။

ဂျာစင်ဒါက ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – နယူးဇီလန်ဝန်ကြီးချုပိ ဂျာစင်ဒါ(ပုံဟောင်း)။
ကိုးကား – RNZ
Ref; Myanmar govt’s executions ‘a stain on region’ – Jacinda Ardern