ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
အာဆီယံက မြန်မာနိုင်ငံနဲ့ ဘယ်လိုထိတွေ့ဆက်ဆံရမလဲဆိုတဲ့ ဆွေးနွေးမှုတွေက ကမ္ဘောဒီးယားနိုင်ငံမှာ ပြု လုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း အနည်း ငယ် အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူမှုကြောင့် ပြည်သူထောင်နဲ့ချီ သေဆုံးပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အ တည်းတစ်ရပ် ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းက အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံခေါင်းဆောင် တွေအတွက် အဓိကစိုးရိမ်စရာကိစ္စဖြစ်ခဲ့တယ်လို့ မားကို့စ်က ဆိုပါတယ်။
“မြန်မာ့အရေးက အာဆီယံထိပ်သီးဆွေးနွေးပွဲ အနည်း ငယ် အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ နိုင်ငံအချို့က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်သင့်တယ်လို့ ပြောပါတယ်” လို့ သူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ အတိုက်အခံတွေအပါအဝင်သက် ဆိုင်သူအားလုံးနဲ့ အာဆီယံက တိုက်ရိုက် ထိတွေ့ဆက်ဆံမှသာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်မယ်လို့ ဆွေးနွေးခဲ့တယ်လို့ မားကို့စ်က ပြော ပါတယ်။
“ဘယ်သူကမှ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မဆက်ဆံချင်ကြပါဘူး။ ဘယ်သူကမှ စစ်ကောင်စီ အဆင့် မြင့်တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှု မပြုလုပ်ချင်ကြပါဘူး။ အဆင့်အသီးသီးမှာ ထိတွေ့ဆက်ဆံဖို့ အဆိုပြု ထားပါတယ်” လို့ သူက ဆိုပါတယ်။
အာဆီယံနဲ့မြန်မာစစ်ခေါင်းဆောင် သဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်သင့်တယ်လို့ အာဆီယံခေါင်းဆောင်တွေ နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – ABS-CBN
Ref; Discussions on ASEAN engagement with Myanmar a ‘little contentious’: Marcos