ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

KNU နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခု နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီတွင် တိုက်ခိုက်ခံရပြီး လက်နက်အများအပြားသိမ်းဆီးရမိခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၄ နာရီတွင်စတင်ဖြစ်ပွားခဲ့ပြီး နေ့လည် ၁၁ နာရီ ၃၀ မိနစ်တွင် ၎င်း စစ်ကောင်စီတပ်စခန်းများဖြစ်သည့် သံဆိပ်စခန်း၊ ဘောကထာ နှင့် တုံးတံတာစခန်းတို့ ၃ ခုကို သိမ်းဆည်းခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းများမှ MA အမျိုးစားသေနတ် ၈ လက်၊ ကျည်ဆံ ၃၀၇၀ တောင့်၊ 9mm ၂ လက်၊ 81mm ၁ လက်၊ 81mm ကျည် ၆၈ လုံး၊ 60mm အရှည် ၁ လက်၊ 60mm အတို ၄ လက်၊ 60mm ကျည် ၁၁၃ လုံး၊ RPG-7 ၁ လက်၊ RPG-7 ကျည် ၇၇ လုံး၊ လက်ပသ်ဗုံး ၂၈ လုံး၊ Short Gun ၁ လက်၊ Short Gun ကျည် ၈၈ တောင့်၊ M14 ခြေနင်းမိုင်း ၁၀ လုံး၊ တိုက်မိုင်း ၁၀ လုံး၊ ကျည်ဘောက် ၂၇ ခုနှင့် မိုင်းရှာစက် ၁ ခု တို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ KNLA တို့မှ သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲကို KNLA ၏ တပ်ရင်း ၇ တပ်ရင်း ၉ နှင့်Federal wins drone တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူလူထုပေါင်း ၂ သောင်းကျော်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

#Ayeyarwaddy_Times