ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကထိန်ပွဲတစ်ခုမှာ ပဒေသာပင်မှာ ဗိုလ်ချုပ် အောင်ဆန်းပုံ ပုံဖော်ထားတာကြောင့် အလှူရှင်ကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းရဲတိုက်နယ်အတွင်းက ရွှေကညပင်ပင်ဘုန်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ကထိန်ပွဲမှာ ဒေါင်းရုပ်မှာ ဗိုလ်ချုပ် အောင်ဆန်းပုံ ပုံဖော်ထားတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ လုပ်တဲ့သူကိုတော့ မမိသွားဘူးထင်တယ် သူက ဒေါင်းအရုပ်ပေါ်မှာ ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ဖော်ထားတာ အဲ့တာကို ဘာအထိနာလည်းတော့မသိဘူး အလှူရှင်ဘယ်သူလဲဆိုပြီး လိုက်ရှာဖမ်းတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကထိန်ပွဲမှာ ပဒေသာပင်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အလှူရှင်ကိုလိုက်လံရှာဖွေဖမ်းဆီးပေမယ့် အလှူရှင်ကတော့ ကြိုတင်တိမ်းရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူလက်ခံထားတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံ အလှူမှာပါလာတဲ့အပေါ် စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက ခုလိုအထိတ်တလန့် လိုက်လံရှာဖွေတဲ့အပေါ် နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်ါ

#ကျုံပျော် #ကထိန် #ဗိုလ်ချုပ်အောင်ဆန်း
#Ayeyarwaddy_Times