ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက စစ်တပ်ပိုင်ယာဉ်တွေ အသုံးမပြုရဲတော့တာကြောင့် အရပ်ကုန်တင်ကားတွေကို ချောဆွဲပြီး လက်နက်နဲ့ ရိက္ခာတင်ပို့တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာဆန်းပိုင်းကစတင်ကာ အမ်းနဲ့ တောင်ကုတ်ကြားမှာရှိတဲ့ မအီမြို့က ရဲစခန်းမှာ ကုန်တင်ကား တွေကိုဖမ်းပြီး စစ်ကောင်စီက ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ပို့တာတွေပြုလုပ်နေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။
မအီမြို့ရဲစခန်းမှာဖမ်းတာ ပိုက်ဆံတော့မတောင်းဘူး သူတို့ပစ္စည်းတွေတင်ပြီး တောင်ကုတ်ကို ဆက်လွှတ်တာ ဘာမှအပြစ်မလုပ်ပဲ အဖမ်းခံရတာ ကြေက်တော့လည်း သူတို့ပစ္စည်းတင်ရတာပေါ့လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်ကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ် ပြောဆိုပါတယ်။
စစ်ကောင်စီက ကုန်ကားတွေဖမ်းပြီး ပစ္စည်းတွေတင်ပေးလိုက်တာကြောင့် ရက္ခိုင့်တပ်တော်(အေအေ) ဘက်ကတွေ့ခဲ့ရင်လည်း ကားနဲ့ လူအသတ်ပါ အန္တရာယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ကုန်ကားမောင်းသူတွေအနေနဲ့ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့မှာ ကုန်တင်ကားတွေကို ဖမ်းတာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီတပ်တစ်ခုဖြစ်တာသိရပြီး နောက်လာမယ့် ကားသမား တွေ သတိထားသွားလာစေချင်တယ်လို့ ကုန်ကားမောင်းသူတွေက ပြောဆိုကြပါတယ်။
#Ayeyarwaddy_Times