ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်အကြား ချီတက်လာသော စစ်ကောင်စီယာဉ်တန်းများကို တောင်ညို ပြည်သူ့ပျောက်ကြားတပ်ဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ရေးမှ သံဖြူဇရပ်သို့ ချီတက်လာသော စစ်ကား ၂ စီးအား အောင်သပြေရွာအနီးတွင် ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် တောင်ညို PDF မှ ပထမအကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထို့နောက် ရေးမြို့မှ သံဖြူဇရပ်သို့ စစ်ကား ၉ စီးအား တောင်ညို PDF မှ ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍ အဆိုပါ ရေး – သံဖြူဇရပ်လမ်းပေါ်တွင် ညနေ ၅ နာရီ၊ ည ၇ နာရီနှင့် ည ၁၁ နာရီ ကျော်အထိ

တောင်ညို PDF အဖွဲ့က စစ်ကောင်စီယာဉ်တန်းများကို ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း တောင်ညို PDF က ဆိုသည်။

#ရေး #သံဖြူဇရပ် #တောင်ညိုPDF #စစ်ကောင်စီ
#Ayeyarwaddy_Times