ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိစေမယ့် ဘုံသဘောတူညီချက်ငါးရပ်ကို အာဏာ သိမ်းစစ်ကောင်စီက ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကို စိတ်ပျက်မိတယ်လို့ မလေးရှားနိုင်ငံက ထပ်လောင်း ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းက အရေးပါတယ်လို့ အာဆီယံထိပ် သီးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံက ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံဘုံသဘောတူညီချက်ငါးရပ် ကို ထောက်ခံဖို့နဲ့ အပြုသဘောဆောင်တဲ့ရလဒ်ရရှိဖို့ ပါရှိပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရာမှာ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စား လှယ်၊ အာဆီယံနိုင်ငံတွေနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အ ထူးကိုယ်စားလှယ် နိုလန်းဟေဇာကို ချီးကျူးတယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။

၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အာဆီယံ ခေါင်းဆောင်တွေက အဓိကထား ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ အဖြေရှာရာမှာ ဘုံသဘောတူညီချက်အ တိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိစေဖို့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုကို ထောက်ကူနိုင်တဲ့ အခြားနည်းလမ်းတွေကို အာဆီယံက အချိန်ကာလသတ်မှတ်ပြီး ရှာဖွေမယ်လို့ အာဆီယံခေါင်း ဆောင်တွေက ပြောပါတယ်။

ငွေကြေးပံ့ပိုးမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနဲ့ နည်းပညာလွှဲပြောင်းပေးမှုမှတစ်ဆင့် တန်းတူညီမျှမှု၊ တရား မျှတမှုနဲ့ လုပ်ပိုင်ခွင့်အာဏာ မြှင့်တင်ရာမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များသို့ အကူအညီပေးအပ်ရေး လိုအပ်တယ်လို့ အာ ဆီယံထိပ်သီးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံက ဆွေးနွေးခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Malaysia reiterates disappointment on lack of progress of 5PC on Myanmar at ASEAN Summits