ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု အမှုမှာ နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့တဲ့ ICJ တရားရုံး စီရင်ချက်ကို မလေးရှားက လေးစားသမှုရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ICJ တရားရုံးရဲ့ တွေ့ရှိချက်တွေဟာ ထိခိုက်လွယ်တဲ့ လူသားအားလုံးကို ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ တစ်ထပ်တည်း ကျနေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေ အပါ အဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ မလေးရှားက ကတိပြုပါတယ်။

ICJ တရားရုံး စီရင်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံနဲ့ တခြားသက်ဆိုင်သူတွေနဲ့ မလေးရှားက ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ဒီအကျပ်အတည်းကို ရေရှည်တည်တံ့ပြီး ပြည့်စုံစွာ ဖြေရှင်းနိုင်ဖို့ မလေးရှားအနေနဲ့ ဆက်လက်တိုက်တွန်းမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေရဲ့ အခက်အခဲတွေကို လျှော့ချပေးနိုင်မယ့် လက်တွေ့ကျတဲ့ အစီအမံတွေ အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးမှာ မြန်မာစစ်တပ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေး စာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီ ယာက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ICJ ၌ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းပေါင်းများစွာဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံဟာ စာ ချုပ်ပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင် ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဒေသတွင်းနိုင် ငံတွေကြား မတူညီတဲ့ တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
News: Bernama
Ref; Malaysia respects ICJ ruling that Myanmar committed Rohingya genocide