ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ရန်ကုန်တိုင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့ထိ ၂ ရက်အတွင်း မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လှိုင်သာယာမြိုနယ်နဲ့ ဗိုလ်တထောင်မြို့နယ်က ရန်ကုန်မြစ်ထဲမှာအပါဝင် မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ သန်လျင်မြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုတွေပါတော့ လူနေရပ်ကွက်ထဲမီးလောင်မှုတွေ ပါဝင်သလို စက်မှုဇုန်တွေနဲ့ မြစ်ထဲဆီတင်ထားတဲ့ သင်္ဘောမီးလောင်မှုတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး ပျက်စီးမှုတန်ဖိုး သိန်း ၁၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ CDM ပြုလုပ်ထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
#ရန်ကုန်တိုင်း #မီးလောင်မှု #Ayeyarwaddy_Times