ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေအငြင်းပွားမှုနှင့် မြန်မာ့အရေးလိုမျိုး ကိစ္စရပ်တွေမှာ အမေရိကန် နိုင်ငံက အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ တော်သို့ ရောက်ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံမှာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မဲ့ အဖြေရှာဖို့ တောင်တရုတ်ပင်လယ်အရေးမှ မြန်မာ့အကျပ်အတည်းအထိ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ အမေရိကန်-အာဆီယံ အစည်းအဝေးအစမှာ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးကူညီဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားတယ်လို့ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်နဲ့ မတွေ့ဆုံမီ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတဲ့အတွက် မြန်မာစစ်ကောင်စီ ကိုယ်စား လှယ်တွေကို အာဆီယံအစည်းအဝေးအားလုံးမှာ တက်ရောက်ခွင့်မပြုဖို့ အဆိုပြုခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျို ကိုဝီဒိုဒိုကလည်း ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ရှုမြင်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

“မြန်မာနိုင်ငံရှိ လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေး နိုင်ငံအားလုံးက လက် တွဲဆောင်ရွက်ဖို့ လိုအပ်တယ်” လို့ ထိုင်းအစိုးရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ပရာယွတ်ကိုကိုးကားပြီး ဖော်ပြပါ တယ်။

ကိုးကား – Financial Post
Ref; Biden Pledges Support on South China Sea, Myanmar