အောင်မြသန်း /ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်း PDF တွေ ပြန်ရောက်နေတယ်ဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရသည်။
PDF တွေကိုရှာဖွေသည့်အခါ ဒေသခံများအား စွပ်စွဲဖမ်းဆီးပြီး ငွေညှစ်တောင်းယူမှုများလည်းပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
” ခုစစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီကိုလှည့်ကွက်နဲ့လုပ်စားနေကြတာ ခုတလော မအူပင်မြို့မှာ PDF တွေပြန်ရောက်နေတယ်ဆိုပြီး အသံလွှင့်တော့ သူတို့အတွက်အလုပ်ရတာပေါ့ စစ်ကောင်စီကို သူတို့ကပဲပန်ခြောက်လှန့်နေတာလေ PDF တွေမြို့နယ်ထဲမှာရောက်နေပြီပြောတော့ စစ်ကောင်စီက အောက်ခြေစစ်သားတွေကို လွှတ်ပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး လမ်းတွေပိတ်ရှာဖွေရေးတွေလုပ်တာပေါ့”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
PDF တွေကိုအကြောင်းပြကာ ဧည့်စာရင်းတွေစစ်ရင်း PDF မမိပဲ အုပ်ချုပ်ရေးပိုင်းနှင့်အတူလိုက်ပါလုပ်ဆောင်နေသည့် သတင်းပေးဒလန်များမှ ဒေသခံထံမှ ငွေညှစ်ပြီးလုပ်စားနေကြသည်ဟု ၎င်းမှဆက်လက်ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်းမြို့နယ်များတွင် ဧပြီလပထမအပတ်ထဲက တော်လှန်ရေး အင်အားစုတွေ ဒေသကာကွယ်ရေးတပ်တွေပြန်ရောက်နေပြီဟုဆိုကာ ကုန်းလမ်းရော ရေလမ်းမှာ ပါ မြို့အဝင်နေရာများတွင် စစ်ဆေးရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေပြီး ငွေကြေးတောင်းယူနေကြကြောင်းဒေသခံများထံမှသိရသည်။
#မအူပင် #PDF #စစ်ကောင်စီ #ရှာဖွေ
#Ayeyarwaddy_Times