ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ ပြန် ကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်ပြီး အဆိုပါနည်းလမ်းတွေ က လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ရပ် လိုအပ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ဖို့လာမည့်နှစ် အာဆီယံ အလှည့် ကျဥက္ကဌတာဝန်ယူစဉ် အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းမယ်လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ် ဂူတာရက်စ်က အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက အခြေအနေက ပြည်သူတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေက စိတ် မချမ်းမြေ့ဖွယ်ရာဖြစ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမို ကရေစီလမ်းကြောင်းပေါ် ချက်ချင်း ပြန်လျှောက်လှမ်းဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ ယနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက ပြောပါတယ်။

ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ မျှော်မှန်းချက်တွေိကို ဗဟိုပြုတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်ညီတစ် ညွတ်တည်းဖြစ်သော မဟာဗျူဟာတစ်ရပ် ရှာဖွေကြဖို့ အာဆီယံကို တိုက်တွန်းပါတယ်လို့ ဂူတာရက်စ်က ဆိုပါ တယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်သန်းခန့် ဆန္ဒအလျှောက် နေရပ်ပြန်နိုင်မယ့် အခြေအနေတွေဖန်တီးဖို့လည်း ဂူတာရက်စ်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှုတ်ချခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လျှောက်လှမ်းမယ့် အားလုံးပါဝင်တဲ့လုပ်ငန်းစဉ်တစ်ရပ်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ဂူတာရက်စ်က တွစ်တာလူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။

ဒုက္ခသည်တွေကို ကာကွယ်ပေးနိုင်မယ့် ဒေသဆိုင်ရာ မူဘောင်တစ်ရပ်ချမှတ်ဖို့လည်း အဖွဲ့ဝင်နိုင်ငံအား လုံးကို တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – The Phnom Penh Post
Ref; UN chief calls for Myanmar authorities to ‘listen to their people’