ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို အပြင်းထန်ဆုံး လက်စားချေတုံ့ ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်- AA က ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှ သက်ကြီးအဘွားအို အပါအဝင် အရပ်သား ပြည်သူ ၉ ဦးကို နိုဝင် ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အကြောင်းမဲ့ သတ် ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် လက် စားချေတုံ့ပြန်မည်ဟုဆိုခြင်းဖြစ်သည်။
ယင်းကဲ့သို့ အရပ်သား ၉ ဦးကိုသွေးအေးအေးဖြင့် ရက် ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုဖြစ်ကြောင်းလည်း ရက္ခိုင့်တပ်တော်- AA ကဆိုသည်။
“လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကိုသာ တိုက်ခိုက်ဝံ့သော စစ်ကောင် စီ၏ လုပ်ရပ်မှာ အလွန်ပင်သူရဲဘောကြောင်သည့် စက်ဆုပ် ရွံရှာဖွယ်လုပ်ရပ်ဖြစ်သည်။ စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူခဲ့သည့် ခမရ ၅၅၀ နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သောသူများကို မဖြစ်မနေအပြင်းထန်ဆုံး လက်စားချေတုံ့ပြန်သွား မည်”ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်-ULAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းသည် နိုဝင်ဘာလ ၁၀ ရက်နေ့ညနေပိုင်း က ဆင်အင်းကြီးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံ အသက် ၈၀ ကျော်အမျိုးသမီးကြီးအပါအဝင် ၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ရခိုင်အခြေစိုက်သတင်းမီဒီယာများတွင်ဖော်ပြထားသည်။
ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-စစ်တွေ(ဒကစ စစ်တွေ) လက်အောက် ခံတပ်ရင်းတခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာပင် စစ်ကြောင်းထိုးဝင်ရောက်နေသည့်တပ်ရင်းတခုဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ရခိုင်အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
#AA #ထုတ်ပြန် #ပုဏ္ဏားကျွန်း #ခမရ ၅၅၀ #AyeyarwaddyTimes