ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

ဘုံသဘောတူညီချက်ငါးရပ်ကို တိုးတက်မှုရှိအောင် အချိန်ကာလသတ်မှတ်ဆောင်ရွက်ဖို့နဲ့ ထိပ်သီးဆွေး နွေးပွဲအပြင် အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခံရနိုင်တယ်လို့ အာဆီယံခေါင်းဆောင်တွေက နိုဝင်ဘာလ ၁၁ ရက်မှာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ ဘုံသဘော တူညီချက်ကို အချိန်ကာလသတ်မှတ်ပြီး ဖော်ဆောင်ဖို့လိုအပ်တယ်လို့ ခေါင်းဆောင်တွေက ဆိုပါတယ်။

အစည်းအဝေးတွေအားလုံးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို အာဆီယံက သုံးသပ်လေ့လာမည်ဖြစ်ကာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ထိပ်သီးဆွေးနွေးပွဲများသို့ တက် ရောက်ခွင့်မပြုခဲ့ပါဘူး။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ သောကြာနေ့က စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေး ပွဲမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံနေရာကို အလွတ်ထားရှိခဲ့ပါတယ်။

အာဆီယံကထုတ်ပြန်တဲ့ အချက် ၁၅ ချက်မှာ ထုတ်ပြန်ချက်မှာ မကြာမီ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့လည်း သဘောတူညီခဲ့ပါတယ်။

အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဝင်တွေ အများစုနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ (NUG) ကိုယ်စားလှယ်တွေလည်း တွေ့ဆုံဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်တာ စစ်ကောင်စီကိုသာ အပြစ်ဖို့ရမယ်လို့ အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ရာ မနေ့ကထုတ်ပြန်ချက်က စစ် ကောင်စီအတွက် ပြင်းထန်တဲ့သတင်းစကား သို့မဟုတ် သတိပေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref: ASEAN leaders step up warnings to Myanmar