ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်း ဒီကနေ့ မနက် ၅ နာရီခွဲ ဝန်းကျင်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲစခန်းအတွင်းမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိပြီး ရဲစခန်းမှူးအပါ အဝင်အရှင် ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ မွန်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကနေ ကနဦး သိရပါတယ်။

‘မနက်အစောကြီး ကျိုက်မရောစခန်းဝင်တိုက်ခံရတာပါ။ အသေအပျောက်တွေရှိတယ်။ လတ်တလောထိခိုက်သေဆုံးနဲ့ ပျောက်ဆုံးစာရင်းမသိရသေးဘူး။ စခန်းမှူးတော့အရှင်ဖမ်းခံလိုက်ရတယ်လို့သိရတယ်၊ စခန်းမှူးကအသစ် ရခိုင်ကပြောင်းလာတာ မကြာသေးဘူး ၊ နယ်မြေအကြောင်းသိပ်မသိသေးဘူး” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ချောင်းနစ်ခွရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ရဲစခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ချောင်းနှစ်ခွရွာနဲ့ အနီးတဝိုက်ကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီးဘေးလွတ်ရာကို ရွှေ့ပြောင်းတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ချောင်းနှစ်ခွအဝင်အတ္ထရံတံတား။
#ချောင်းနှစ်ခွ #ရဲစခန်း #တိုက်ခိုက်ခံရ #AyeyarwaddyTimes