ဧရာဝတီတိုင်းမ်
နိဝင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က လိုင်းကြေးယူပြီး စိတ်ကြွရူးသွပ် ဆေးပြားတွေရောင်းချတာ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခရိုင်ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့က လိုင်းကြေးယူပြီး အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းကာ မြို့ပေါ်မှာတင် WY စိတ်ကြွဆေးများအားရောင်းချခွင့်ပြုထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ရောင်းတာက တာဝတိံသာ ၂ လမ်းက ဘေးထုပ်ဆိုင်မှာ ဘေထုပ်ကိုအရောင်းပြပြီ ရောင်းတာ အနီးနာကသူတွေလည်းသိတယ် အမှတ် ၄ အုပ်ချုပ်ရေးမှူရွှေးသီးက လိုင်းကြေးကောက်တယ် ပြီးတော့ ခရိုင်ဒနဖြစ်တဲ့ ရဲမှူမြတ်မင်းစိုးကိုပြန်ပေးတယ်”လို့ မြောင်းမြမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မူးယစ်ဆေးဝါးရောင်းချမှုကို ဖမ်းဆီးရမယ့် တာဝန်ရှိသူတွေက ခုလိုမျိုး ပိုက်ဆံယူကာ မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင်ရောင်းချခွင့်ပြုနေတာဟာ ဒေသခံလူငယ်တွေအနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြောင်းမြမြို့ပေါ်မှာ မူးယစ်ဆေးဝါးရောင်းချမှု အရင်ကထက်ပိုမို များပြားလာသလို အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်အကြာမှာ မြောင်းမြမြို့ထဲက နေရာတော်တော် များများမှာရနိုင်ထဲအထိ မူးယစ်ဆေးဝါးကရောင်းချသူတွေက ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို လိုင်းကြေးပေးရောင်းလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“WY ကိစ္စက တော်တော်ဆိုးနေတာ စစ်ကောင်စီကလူငယ်တွေကို ပျက်စီးစေချင်တာလို့ပဲမြင်တယ် ဒါတွေအပေါ်မှာစွဲလန်းနေရင် ဘာမှမလုပ်နိုင်တော့ဘူး ဒါကြောင့်ခွင့်ပြု့ပေးတာလည်းဖြစ်နိုင်တယ် ပြီတော့သတင်းထွက်လာရင်ရောင်တဲ့ဆိုင်ကပိတ်သွားတယ် ဒါကဒီကောင်တွေစနက်ဆိုတာ အသိသာကြီးပါ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြောင်မြမြို့မှာ အာဏာသိမ်းစစ်ကောင်စီလက်ထက် WY ဆေးပြားရောင်းချမှုနဲ့ ပတ်သတ်ပြီး ဖမ်းဆီနိုင်ခြင်းမရှိပဲ သုံးစွဲးမှုနဲ့ ရောင်းချမှုတွေသာတိုးလာတယ်လို့ ဆိုပါတယ်။
#မြောင်းမြ #စစ်ကောင်စီ #ရဲ #WY #လိုင်းကြေး
#Ayeyarwaddy_Times