ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

မြန်မာစစ်တပ်ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးတွေအားလုံးမှာ တက်ရောက်ခွင့်ပိတ်ပင်ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံခေါင်းဆောင်တွေကို အဆိုပြုလိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ဘုံသဘောတူညီချက် ဖော် ဆောင်ရာမှာ တိုးတက်မှုမရှိတာကို အာဆီယံနိုင်ငံအချို့က စိတ်ပျက်နေကြတယ်လို့ သူက ဆိုပါတယ်။

“အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ် စားမပြုသူတွေ တက်ရောက်တာကို ပိတ်ပင်ဖို့ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့ပါတယ်” လို့ ဝီဒိုဒိုက သတင်း ထောက်တွေကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီနဲ့ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ဖန်တီးတဲ့နည်းလမ်းတစ်ခုအဖြစ် အာဆီယံက သက်ဆိုင်သူအား လုံးနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သားအစိုးရထံမှ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီး နောက် နိုင်ငံရေးမတည်ငြိမ်မှု အဆုံးသတ်ရေး အာဏာသိမ်းစစ်ကောင်စီကို ဖျောင်းဖျဖို့ အာဆီယံက ဖိအားပေးခံ နေရပါတယ်။

မြန်မာ့အရေးမှာ အာဆီယံရဲ့အခန်းကဏ္ဍက အလွန် အရေးပါတယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရှုမြင်တယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်ဆရီက ပြောပါတယ်။

“မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိပြီး တည်ငြိမ်တာကို လူတိုင်း မြင် တွေ့လိုပါတယ်” လို့ ပရာယွတ်ကို ကိုးကားပြီး သူက ဆိုပါတယ်။

ကိုးကား – Bloomberg
Ref; Indonesia Proposes Ban on Myanmar Junta Beyond Asean Summits