ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၄၁) ရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ အမှတ် (၃၆/၃၇) ရှိ ကျောက်စိမ်းဖိနပ်စက်ရုံတွင်နိုဝင်ဘာလ ၉ ၇က်​နေ့ ဆန္ဒပြမှု့တွင် လက်တ​လော အလုပ်သမားများ ​တောင်းဆိုသည့် အချက်တချို့ ​ပြေလည်မှု့ ရရှိခဲ့​​ကြောင်း သိရသည်။

တရုတ်နိုင်ငံသားပိုင် အဆိုပါစက်ရုံရှိ အလုပ်သမားတချို့က ​နေ့တွက်လုပ်ခကို တိုးမြှင့်​ပေးရန်၊ ဆု​ကြေး​ငွေ၊ ရက်မှန်​ကြေး၊ ကျွမ်းကျင်​ကြေးများ တိုးမြှင့်​ပေးရန် ​တောင်းဆိုခဲ့ လက်တ​လောညှိနှိုင်းချက်များအရ ​နေ့တွက်လုပ်ခကလွဲပြီး ကျန်သည့်အချက်များ ရရှိခဲ့​ကြောင်း အဆိုပါ စက်ရုံရှိ အလုပ်သမား တချို့ထံက သိရသည်။

“​လော​လောဆယ်​တော့ စက်ရုံပိုင်ရှင်က မြန်မာပြည်မှာ မရှိတဲ့အတွက် လုပ်ခတိုး​ပေးဖို့က​တော့ သူဆီဆက်တင်ပြမယ်တဲ့။ ကျွမ်းကျင်​ကြေးကို​တော့ မူလကထက် ၃၀ ရာခိုင်နှုန်းက​နေ ၅၀ ရာခိုင်နှုန်း တိုး​ပေးမယ်။ ရက်မှန်​ကြေးကို အရင်နှုန်း ကျပ် ၁၅၀၀၀ က​နေ ၁၈၀၀၀ တိုးတယ်။ နှစ်တိုး​ဘောနပ်စ်ကို နှစ်အလိုက် တိုးဖို့​တော့ သ​ဘောတူတယ်။ တနှစ်က​နေ ၂ နှစ်ဆို ကျပ် ၇၀၀၀၊ ၂ နှစ်က​နေ ၄ နှစ်ဆို မူလရတာထက် ​လေးဆ စသဖြင့်​ပေါ့” ဟု စက်ရုံတွင်း အလုပ်သမားတဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

သို့ရာတွင် အလုပ်သမားများအ​နေဖြင့် လက်ရှိ ကုန်​စျေးနှုန်းနှင့် အ​ထွေ​ထွေ စရိတ်ကြီးမြင့်မှု့​ကြောင့် တရက်လျှင် အ​​ခြေခံလုပ်ခ ကျပ် ၄၈၀၀ သည် လုံ​လောက်​သော နှုန်းထားတခု မဟုတ်သဖြင့် တိုးမြှင့်​ပေး​ရေးကို လိုလားကြသည်။

​ကျောက်စိမ်းဖိနပ် စက်ရုံတွင် လက်ရှိအလုပ်သမား ကျား (၇၂) ဦး၊ မ (၁၁၃၂) ဦးရှိပြီး အလုပ်သမားများက တစ်နေ့လျှင်ကျပ် (၈၀၀၀) ရရှိရန်၊ ယခင်ပေးသည့် ဆုကြေးများပြန်ပေးရန်၊ ရက်မှန်ကြေးကိုကျပ် ၁၅၀၀၀ မှကျပ်၂၀၀၀၀ သို့တိုးမြှင့်ပေးရန်၊ နှစ်အလိုက် နှစ်ကြေးပေးရန်၊ ခေါင်းဆောင်ကြေးနှင့် ကျွမ်းကျင်ကြေးပေးရာတွင် EC နှင့် Super တို့မှသတ်မှတ်ပေးရန်၊ တောင်းဆိုချက်များအတွက် ဝန်ထမ်းများကို အလုပ်ထုတ်ခြင်း မပြုရန် ​တောင်းဆိုထားသည်။

စက်ရုံအာဏာပိုင်များ အ​​နေဖြင့် အလုပ်သမားများ မနစ်နာ​စေ​ရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်ဖြင့် ညှိ နှိုင်း​နေပြီး လုပ်ငန်းရှင်ဘက်က လိုက်​လျောနိုင်သည်များ လိုက်​လျော​ကြောင်း အဆိုပါစက်ရုံ၏ လူ့စွမ်းအား အရင်းအမြစ်ဌာန HR မန်​နေဂျာ ဦး​​​ဇော်​ဇော်​အောင်က ​က​ပြောသည်။

“ကျ​နော်က ခရီးသွား​နေလို့ ဖြစ်စဥ်အ​သေးစိတ် မသိရ​သေးဘူး။ ကျ​နော်လည်း ဒီကိစ္စ ကြားတာနဲ့ ပြန်လာ​နေတယ်။ လုပ်ခလစာ တရက် ၄၈၀၀ ကျပ်နဲ့ အခု​ခေတ် ကုန်​စျေးနှုန်းအရ အလုပ်သမား​တွေ အခက်အခဲရှိသလို တဖက်မှာ ဥပ​​ဒေက ပြဌာန်းချက်နဲ့အတူ အလုပ်ရှင်​တွေရဲ့ အခက်အခဲလည်း ရှိပါတယ်။ ​ပြေလည်​အောင်လုပ်ရမှာ​ပေါ့” ဟု သူက ဆိုသည်။
#တောင်ဒဂုံ #ကျောက်စိမ်း #ဖိနပ်စက်ရုံ #ဝန်ထမ်းများ #ဆန္ဒပြ #AyeyarwaddyTimes