ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးဝကျေးရွာမှာ နို၀င်ဘာလ ၈ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ရန်ဖြစ်ရာက အုပ်ချုပ်ရေးမှူး ဦးခေါင်း ဒဏ်ရာရကာ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။
နို၀င်ဘာလ ၈ ရက်နေ့ညက ကျေးရွာမူလတန်းကျောင်းဆရာဦးဇော်ဇော်အောင်ရဲ့ နေအိမ်မှာ အုပ်ချုပ်ရေးမှူးဦးဖိုးထောင်အပါအ၀င် ရဲ ၃ဦးနဲ့အတူတကွ အရက်သောက် ထမင်းချက်စားကြပြီးညဥ့်နက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးက ဝိုင်းသိမ်းကာ အိမ်ပြန်ကြဖို့ပြောရာမှ စကားများရန်ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တန်ဆောင်တိုင်သူခိုးကြီးများညက အုပ်ကြီးရယ်၊ ရွာကကျောင်းဆရာရယ်၊ ရဲ ၃ ယောက်ရယ် အရက်သောက်ထမင်းချက်စားကြရင်းစကားများကြတာ။ ရဲသုံးယောက်အပြန်ကိုအုပ်ကြီးသားအဖက စောင့်ပြီးရိုက်တာ။ ရဲတွေလက်ချက်နဲ့သူတို့သားအဖပဲဆေးရုံရောက်သွားတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ ရဲ ၃ ဦး ဝိုင်းရိုက်တာခံရတဲ့ အုပ်ချုပ်ရေးမှူးဦးဖိုးထောင်နဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ အင်္ဂပူမြို့နယ်၊ ထူးကြီးတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရဲတပ်ဖွဲ့အကြီးအကဲများက နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနိူင်းပေးနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
#အင်္ဂပူ #အုပ်ကြီး #ရဲ #ဝိုင်းရိုက်
#Ayeyarwaddy_Times