ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်းကျေးရွာအရှေ့ဘက် ထန်းတောတစ်ခု၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၊ မနက် ၁၀နာရီ ၄၅မိနစ်အချိန်က Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံခရိုင် တပ်ရင်း ၇ )မွ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဆင်ရေးကို Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း-၇)မွ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒီကောင်တွေက ထီးဆောင်းအရှေ့ဘက် ထန်းတောထဲ ကင်းပုန်းဝပ်နေတာပါ။အဲ့ဒါကို ဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်ခဲ့တာ။စခ ၃ ကောင် ငရဲပြည်ရောက်သွားတယ်။တော်တော်များများလည်း ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း-၇) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင်တပ်ရင်း -၇)သည် ယနေ့ နံနက် ၅ နာရီအချိန်ခန့်ကလည်း မြင်းမူမြို့ ၊ မြန်မာ့စီပွါးရေးဘဏ်ခွဲရှေ့တွင် လုံခြုံ ရေးယူနေတဲ့စစ်သား (၈)ဦးကို ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး (၁)ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
#မြင်းမူ #ထန်းတော #ကင်းပုန်း #စစ်ကောင်စီ
#Ayeyarwaddy_Times