ဧရာဝတီတိုင်းမ်
(သထုံ)၊ နိုဝင်ဘာလ ၁၁ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်းမူကျေးရွာအခြေ စိုက်စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၀၁ အမြှောက် တပ်ရင်း အမတ(၂၀၁)တပ်အား နိုဝင်ဘာလ ၁၀ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ၄၀ မမများဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

ကြာပန်း-ဝီ‌ယော်ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီ အမတ ၂၀၁ တပ်အား ၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ၂ လက်ထားရှိရာရုံမီးလောင်ခဲ့၍ လက်နက်များပျက်စီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးကပြောသည်။

“မီးလောင်တာကအချိန်ကြာတယ်၊ နေ့လည်ထဲကနေလောင်တာ ည၇နာရီလောက်မှမီးငြိမ်းတယ်ဆိုပြီး သိရတယ်။ သူတို့တပ်ထဲကသူတွေဘဲငြိမ်းလိုက်တာ၊လက်နက်အသေးတွေနဲ့ပဲ ပြန်ပစ်ပါတယ်၊ လက် နက်ကြီး ထားတဲ့နေရာ မီးလောင်တယ်လို့အတွင်းသတင်းတွေကနေပြန်သိရပါတယ်။ လက်နက်ကြီးရုံမီးလောင်လို့ လက်နက်ကြီးနဲ့တောင် ပြန်မပစ်နိုင်ဘူး”ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ လုံခြုံစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ဝင်းစိန်ကျေးရွာရှိပြည်သူများအား မတရားဖမ်းလာသည့်စစ်ကောင်စီကားအားကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။

#သထုံ #စစ်ကောင်စီ #အမြောက်တပ် #၄၀ မမ #ပစ်ခတ် #မီးလောင် #AyeyarwaddyTimes