အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ နိုဝင်ဘာလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့က ဆားလင်းကြီးမြို့မရဲစခန်းကနေ အရက်ထွက်ဝယ်တဲ့ ရဲတပ်သား ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ဖမ်းမိစဉ် ထွက်ပြေးလို့ ပစ်သတ်ခဲ့ရတယ် လို့သိရပါတယ်။
ရဲတပ်သား ၂ ဦးဟာ ပုသိမ် – မုံရွာဘေးက အရက်ဆိုင်မှာ အရက်လာဝယ်ချိန် လုံခြုံရေးယူထားတဲ့ တော်လှန်ရေးအင်အားစုတွေက ဖမ်းမိခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။
“ တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီး လုံခြုံရေးယူနေတဲ့အချိန်မှာ အရက်လာဝယ်တဲ့ ရဲ ၂ ယောက်ကို ဖမ်းမိတာ သူတို့ကို မေးမြန်းနေတုန်း ထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ”လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထွက်ပြေးလို့ ပစ်ခတ်ရင်း သေဆုံးသွားတဲ့ ရဲ ၂ ဦးဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်အကျမသိရသေးဘူးလို့ ဆိုပါတယ်။
ရဲ ၂ ဦး အရက်ထွက်ဝယ်ရင်း သေဆုံးတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
#ဆားလင်းကြီး #ရဲစခန်း #ရဲတပ်သား ၂ ဦး #ပစ်သတ်ခံရ #AyeyarwaddyTimes
24 Comments