ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

ယူကရိန်းကို ထောက်ပံ့ဖို့ အမေရိကန်ကတောင်ကိုရီးယား စစ်လက်နက်ကုမ္ပဏီတွေထံမှ ဟောင်ဝှစ်ဇာ အမြောက်ကျည် ၁၀၀၀၀၀ ဝယ်ယူမယ်လို့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ရုရှားကျူးကျော်စစ်အစပိုင်းမှာ သိမ်းယူထားတဲ့ နယ်မြေအချို့မှ ရုရှားတပ်ဖွဲ့တွေကို မောင်းထုတ်နေတဲ့ တန်ပြန်ထိုးစစ်ဆင်မှုမှာ အားသာချက်ရယူဖို့ ယူကရိန်းခေါင်းဆောင်တွေက စစ်လက်နက်နဲ့ အကူအညီတွေ ပိုမို ပေးအပ်ဖို့ တောင်းဆိုနေစဉ် အမေရိကန်နဲ့ တောင်ကိုရီးယားက အခုလို သဘောတူညီခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဟောင်ဝှစ်ဇာအမြောက်ကျည်တွေ ပေးပို့တော့မှာဖြစ်တာကြောင့် ရုရှား တပ်ဖွဲ့တွေကို ထိထိရောက်ရောက် တန်ပြန်ထိုးစစ်ဆင်နိုင်တော့မယ်လို့ သူက ဆိုပါတယ်။

အမေရိကန်စစ်တပ်သို့ အရေအတွက်မဖော်ပြသော ၁၅၅ မီလီမီတာအမြောက်ကျည်များ တင်ပို့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

ယူကရိန်းတပ်ဖွဲ့တွေက တစ်ရက်လျင် အမြောက်ကျည် ၇၀၀၀ ဝန်းကျင် ပစ်ခတ်နေပြီး ရုရှားတပ်ဖွဲ့တွေ က တစ်ရက်လျင် လက်နက်ကြီးကျည် ၂၀၀၀၀ ဝန်းကျင် ပစ်ခတ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဉီးက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်နောက်ပိုင်း တောင်ကိုရီးယားက ယူကရိန်းသို့ စစ်လက်နက်တွေကို အကန့်အသတ်နဲ့ ထောက် ပံ့ပေးခဲ့ပါတယ်။ Mariupol မြို့အပေါ် ရုရှားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်လက်နက်ကူညီဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်ကိုရီးယားနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

လေယာဉ်ပျက်လက်နက်တွေ ပံ့ပိုးကူညီဖို့ ယူကရိန်းနိုင်ငံရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီအချိန်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း။
ကိုးကား – TRT World
Ref; US to buy 100K South Korean howitzer rounds to provide to Ukraine