ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါးဇွန်မြို့နယ် ခြင်္သေ့လတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်တို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MNPDF)တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရသူများမှာ ပျူစောထီးခေါင်းဆောင် ထွန်းရင်နှင့် ခြင်္သေ့လတ်ရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်ဆိုသူတို့ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ကို သေနတ် ၇ ချက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကာ အုပ်ကြီးအား သတိပေးသည့်အနေဖြင့် လက်မောင်းကို ပစ်ခတ်ခဲ့ကြောင်း MNPDF တာဝန်ရှိသူကပြောသည်။
“နှစ်ယောက်စလုံးက ခြင်္သေ့လတ်ရွာကပါပဲ။တစ်ယောက်က ပျူစောထီးခေါင်းဆောင် ထွန်းရင်ပါ။သူ့ကိုတော့ ကျနော်တို့ ကျည်ဆန် (၇)ချက်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။အုပ်ကြီးအောင်သန်းမြင့်ကတော့ ပျူစောထီး ထွန်းရင် လောက် မဆိုးသေး လို့ သတိပေးတဲ့အနေနဲ့ လက်မောင်းပဲ ပစ်ခတ်ခဲ့ပါတယ်။အုပ်ကြီးဖုန်းကိုတော့ သိမ်းခဲ့တယ် “ဟု မြစ်ငယ် ပကဖ(MN PDF)တပ်ဖွဲ့၏ သတင်းနှင့်ပြန် ကြားရေးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငါးဇွန်မြို့နယ် ခြင်္သေ့လတ်ရွာတွင် ပျူစောထီးခေါင်း ဆောင်ထွန်းရင်ဆိုသူမှာ စစ်ကောင်စီတပ်နှင့် ပူပေါင်းပြီး ကျေရွာအနီးရှိပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးရုံသာမက အပြစ်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးအောင်သန်းမြင့်ဆိုသူကိုမူ လက် မောင်းသို့ ပစ်ခတ်သတိပေးခဲ့ရုံသာလုပ်ဆောင်ခဲ့ကြောင်း ၄င်းကဆက်လက်ပြောသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းသတိပေးမှုကို မြစ်ငယ် ပကဖ (MN PDF)တပ်ဖွဲ့နှင့်အတူ ဇာမဏီမြို့ပြပြောက်ကျားတပ်ဖွဲ့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#ငါးဇွန် #ပျူစောထီး #အုပ်ကြီး #ပစ်ခတ်ခံရ #MNPDF #Ayeyarwaddy_Times